မင်္ဂလာပါ Vijob ပရိသတ်ကြီးရှင်။ ၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်ဦး ဇန်နဝါရီလမှာ ကိုရီးယားရဲ့ ဘယ်လိုအမိုက်စား ပွဲလမ်းသဘင်တွေကို Vijob က မိတ်ဆက်ပေးမလဲဆိုတာ စောင့်မျှော်နေကြမယ်လို့ ထင်ပါတယ်နော်။
အသစ်သစ်သော စတင်ခြင်းတွေနဲ့အတူ ရောက်ရှိလာတဲ့ ဇန်နဝါရီလဟာ ကိုရီးယားမှာတော့ အေးစိမ့်နေတဲ့ ဆောင်းရာသီဖြစ်ပေမယ့်လည်း တခြားအချိန်တွတွေထက် ပျော်စရာကောင်းတဲ့ ပွဲတော်တွေနဲ့လည်း အစည်ကားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားမှာ ရောက်ရှိနေတဲ့ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ အလည်လာဖို့ အစီအစဉ်ရှိတဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် ဇန်နဝါရီလမှာ ကိုရီးယားလူမျိုးတွေ လျှို့ဝှက်သွားတတ်ကြတဲ့ နေရာကောင်းလေးတွေကို Vijob ကနေ အသေအချာ ရွေးချယ်ပေးထားပါတယ်။
ရေခဲပြင်ပေါ်မှာ ငါးဖမ်းရတဲ့ အရသာ၊ အံ့မခန်းဖွယ်ရာ နှင်းရုပ်ထုကြီးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စကိတ်ကွင်းတွေအထိ! ဇန်နဝါရီလရဲ့ ကိုရီးယားဆောင်းအလှကို အပြည့်အဝ ခံစားနိုင်မယ့် လျှို့ဝှက်နေရာတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။
🏔️ ၁။ ထယ်ဘတ်ဆန်း နှင်းပွဲတော် (태백산 눈축제): "လူသားတွေ ဖန်တီးထားတဲ့ အံ့မခန်း နှင်းကမ္ဘာ"
ဒါဟာ ရိုးရိုးပွဲတော်တစ်ခုတင် မဟုတ်ပါဘူး။ ကိုရီးယားမှာ အမြင့်ဆုံးနေရာမှာရှိတဲ့ ထယ်ဘတ်မြို့လေးဟာ တစ်နှစ်မှာ တစ်ကြိမ် အလှပဆုံး ပြောင်းလဲသွားတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ တန်ပေါင်းများစွာရှိတဲ့ နှင်းတွေကနေ ကြီးမားတဲ့ ရုန်းတော်ကြီးတွေနဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေအဖြစ် ပြောင်းလဲသွားတဲ့ မှော်ဆန်မှုကို ကိုယ်တိုင် မြင်တွေ့နိုင်မှာပါ။
📅 ပွဲတော်ကာလ: 2026. 01. 31(စနေ) ~ 02. 08(တနင်္ဂနွေ)
📍 နေရာ: 태백산 국립공원(당골광장), 황지연못, 검룡소 일원
📍 လိပ်စာ: 강원도 태백시 천제단길 162
🎟️ ပါဝင်ဆင်နွှဲပုံ: ဝင်ကြေး အခမဲ့ပါရှင်! နှင်းလျှောစီးတာ ဒါမှမဟုတ် ရေခဲလျှောစီးတာ စတဲ့ တချို့ကစားနည်းတွေအတွက်တော့ ပွဲတော်နေရာမှာတင် ဝမ် ၃,၀၀၀ ကနေ ၅,၀၀၀ ကြားလောက်နဲ့ လက်မှတ်ဝယ်ယူပြီး ဆော့ကစားနိုင်ပါတယ်။
🌟 Highlights:
ဧရာမ နှင်းရုပ်ထုကြီးများ: ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ ဖန်တီးထားတဲ့ လူအမြင့်ထက် ၅ ဆမက ကြီးမားတဲ့ နှင်းရုပ်ထုကြီးတွေရှေ့မှာ ဓာတ်ပုံရိုက်ရင်တော့ Instagram မှာ Like တွေ အများကြီး ရမှာ အသေအချာပါပဲ။
Igloo Café: တကယ့်ရေခဲတွေနဲ့ လုပ်ထားတဲ့ အိမ်လေး (Igloo) ထဲမှာ နွေးထွေးတဲ့ လက်ဖက်ရည်လေး သောက်ရတဲ့ အတွေ့အကြုံကို လက်လွှတ်မခံပါနဲ့နော်။
ထယ်ဘတ်ဆန်း နှင်းတောင်တက်ပွဲ: ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ဒီပွဲဟာ ပွဲတော်ရဲ့ အထူးခြားဆုံး အစီအစဉ်ပါပဲ။ နှင်းတွေဖုံးနေတဲ့ ထယ်ဘတ်တောင်ပေါ်ကို တက်ရင်း ကိုရီးယားဆောင်းရာသီရဲ့ အလှကို ခံစားကြည့်လိုက်ပါ။
🔥 Vijob ရဲ့ Secret Tip:
အဝတ်အစား: ထယ်ဘတ်က တကယ် အေးပါတယ်။ အနွေးထည် အထပ်ထပ် ဝတ်ဖို့ လိုသလို၊ လက်ထဲမှာ ကိုင်ထားလို့ရတဲ့ အပူအိတ် (Hot pack) လေးတွေကိုလည်း ဆောင်ထားဖို့ မမေ့ပါနဲ့။
Shuttle Bus: ပွဲတော်ကာလအတွင်းမှာ Shuttle Bus တွေ အမြဲရှိတတ်ပါတယ်။ တက္ကစီခေါ်ရ ခက်တတ်လို့ Bus အချိန်တွေကို သေချာ စစ်ဆေးပေးပါနော်။

❄️ ၂။ ချောင်းယန်း အေးခဲရေပန်းပွဲတော် (칠갑산 얼음분수 축): "ကိုရီးယားရဲ့ အယ်လ်ပ် (Alps) တောင်တန်း"
လက်တွေ့ကမ္ဘာကို ခဏလောက် မေ့သွားစေမယ့် "ကိုရီးယားရဲ့ နှင်းကမ္ဘာ" ကို ရှာနေပါသလား။ ချောင်းယန်းရဲ့ ရွာလေးတစ်ရွာဟာ ဆောင်းရာသီရောက်ရင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဘာကြောင့် စည်ကားနေရသလဲဆိုတာ အခုပဲ ပြောပြပေးပါမယ်။
📅 ပွဲတော်ကာလ: 2026. 01. 01(တနင်္ဂနွေ) ~ 02. 22(တနင်္ဂနွေ)
📍 နေရာ: 청양 알프스마을 일원 (Alps Village)
📍 လိပ်စာ: 충청남도 청양군 정산면 천장호길 175
🎟️ ပါဝင်ဆင်နွှဲပုံ: ပွဲတော်နေရာမှာတင် လက်မှတ်ဝယ်လို့ ရပါတယ်။ ဓာတ်ပုံပဲ ရိုက်မှာလား ဒါမှမဟုတ် နှင်းလျှောစီးမှာလား ဆိုတာကို ရွေးချယ်ပြီး လက်မှတ်ဝယ်ယူနိုင်ပါတယ်။
🌟 Highlights:
ဧရာမ ရေခဲရေပန်းကြီးများ: ပေပေါင်းများစွာ မြင့်တဲ့ ရေပန်းတွေကနေ ခဲသွားပြီး ဖြစ်ပေါ်နေတဲ့ ရေခဲတံတိုင်းကြီးတွေဟာ တကယ့် မြောက်ဝင်ရိုးစွန်း ရောက်သွားသလို ခံစားရစေမှာပါ။
ကစားကွင်း: နှင်းလျှောစီး၊ ရေခဲလျှောစီးတာတွေအပြင် ရေခဲပြင်ပေါ်မှာ မောင်းနှင်ရတဲ့ Bobsleigh (ဘော့စလေ) လည်း ရှိလို့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်တွေကို ရရှိမှာ အသေအချာပါပဲရှင်။
🔥 Vijob ရဲ့ Secret Tip:
သစ်အယ်သီး ဖုတ်စားခြင်း: မီးပုံပေါ်မှာ သစ်အယ်သီးလေးတွေကို ကိုယ်တိုင် ဖုတ်စားရတဲ့ အတွေ့အကြုံက တကယ်ကို စိတ်အပန်းပြေစေပါတယ်။
ဓာတ်ပုံအတွက် အကြံပြုချက်: ရေခဲတံတိုင်းတွေက အပြာနုရောင် သန်းနေတတ်လို့ အဝတ်အစား အရောင်တောက်တောက်လေးတွေ (ဥပမာ- အနီ၊ အဝါ) ဝတ်သွားရင် ဓာတ်ပုံထဲမှာ ပိုပြီး ပေါ်လွင်လှပနေမှာ ဖြစ်ပါတယ်ရှင်။

⛸️ ၃။ ဟွာချွန်း ဆန်ချွန်းအော ရေခဲပြင်ငါးဖမ်းပွဲတော် (화천 산천어 축제): "CNN က ရွေးချယ်ထားတဲ့ ကမ္ဘာ့အံ့ဖွယ် ဆောင်းရာသီပွဲတော်ကြီး"
တစ်နှစ်ကို လူပေါင်း ၁ သန်းကျော် လာရောက်ဆင်နွှဲကြတဲ့ ကိုရီးယားရဲ့ အကြီးဆုံး ဆောင်းရာသီပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားခရီးသည်တွေအတွက် လိုလေသေးမရှိ အဆင်ပြေအောင် ဝန်ဆောင်မှုပေးတဲ့နေရာမှာ အကောင်းဆုံးပွဲတော်အဖြစ်လည်း နာမည်ကြီးပါတယ်ရှင်။
📅 ပွဲတော်ကျင်းပမည့်ကာလ: ၂၀၂၆၊ ဇန်နဝါရီလ ၁၀ ရက် (စနေ) မှ ဖေဖော်ဝါရီလ ၁ ရက် (တနင်္ဂနွေ) အထိ
📍 ကျင်းပမည့်နေရာ: 강원도 화천군 화천천 일원
🎟️ ပါဝင်ဆင်နွှဲနိုင်ပုံ: နိုင်ငံခြားသားများအတွက် သီးသန့်ငါးဖမ်းကွင်း ရှိပါတယ်နော်! ပတ်စပို့ (Passport) လေးပြပြီး လက်မှတ်ဝယ်ယူရုံနဲ့ လူမရှုပ်ဘဲ အေးအေးဆေးဆေး ငါးဖမ်းနိုင်မှာပါ။ ငါးဖမ်းကိရိယာတွေကိုလည်း ပွဲတော်နေရာမှာတင် ဈေးနှုန်းချိုချိုသာသာနဲ့ ငှားရမ်းနိုင်လို့ ကိုယ်ဗလာသွားရုံနဲ့တင် အဆင်ပြေပါတယ်ရှင်။
🌟 Highlights (စိတ်လှုပ်ရှားဖွယ် အစီအစဉ်များ):
ရေခဲပြင်ပေါ် ငါးဖမ်းခြင်း: ၃၀ စင်တီမီတာလောက် ထူတဲ့ ရေခဲပြင်ကြီးကို အပေါက်လေးဖောက်ပြီး '산천어' (တောင်ချောင်းငါး) ငါးလေးတွေကို ဖမ်းရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်ရှင်။ ငါးဖမ်းအတွေ့အကြုံမရှိတဲ့ သူတွေတောင် အလွယ်တကူ ဖမ်းနိုင်အောင် ကူညီပေးမယ့်သူတွေ ရှိပါတယ်နော်။
ငါးများကို လက်ဗလာဖြင့် ဖမ်းခြင်း: ဘောင်းဘီတိုဝတ်ပြီး အေးစက်နေတဲ့ ရေထဲမှာ ငါးတွေကို လက်နဲ့ လိုက်ဖမ်းရတဲ့ စိန်ခေါ်မှုကြီးပါ။ ပါဝင်ဆင်နွှဲသူတွေရော ကြည့်ရှုသူတွေပါ ပျော်ပျော်ပါးပါးနဲ့ စိတ်ဖိစီးမှုတွေ အကုန်ပြေပျောက်စေမှာ အသေအချာပါပဲ။
ညဘက် မီးပုံးလမ်းလေးမှာ လမ်းလျှောက်ခြင်း: ညရောက်ရင်တော့ မြို့တစ်မြို့လုံးမှာ ငါးပုံသဏ္ဌာန် မီးပုံးလေးတွေ သောင်းနဲ့ချီပြီး လင်းထိန်နေမှာပါ။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ သူတွေအတွက်တော့ တကယ်ကို ရင်သပ်ရှုမောစရာပါပဲရှင်။
🔥 Vijob ရဲ့ Secret Tip:
လက်တလော ငါးကင်ဝန်ဆောင်မှု: ကိုယ်တိုင်ဖမ်းမိတဲ့ ငါးလေးတွေကို ပွဲတော်ဝင်းထဲက 'ငါးကင်စင်တာ' ဆီ ယူသွားလိုက်ပါ! ဝန်ဆောင်ခ အနည်းငယ်ပေးရုံနဲ့ မီးပုံပေါ်မှာ တန်းပြီး ကင်ပေးလို့ အသားချိုချိုလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။
နိုင်ငံခြားသားများအတွက် နားနေဆောင်: အေးမှာ မစိုးရိမ်ပါနဲ့နော်။ နိုင်ငံခြားသားတွေအတွက် သီးသန့်နားနေဆောင်မှာ နွေးထွေးတဲ့ မီးလှုံစရာတွေနဲ့ လက်ဖက်ရည် အခမဲ့ တည်ခင်းပေးထားပါတယ်ရှင်။
ဟွာချွန်းချစ်သူ လက်ဆောင်ကူပွန်: လက်မှတ်ဝယ်ရင် ရရှိမယ့် 'ဟွာချွန်း ချစ်သူ ကူပွန်' လေးကို မပစ်လိုက်ပါနဲ့နော်။ ဟွာချွန်းမြို့ထဲက စားသောက်ဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ ပိုက်ဆံလိုမျိုး ပြန်သုံးလို့ ရပါတယ်ရှင်။

🎿 ၄။ ဂျီဆန်း စကိတ်အပန်းဖြေစခန်း (지산 포레스트 리조트): "ဆိုးလ်မြို့နဲ့ အနီးဆုံး နှင်းပြင်ထက်က ငွေရောင်အလှ၊ အလုပ်အပြန်မှာ စကိတ်စီးရင်း အပန်းဖြေကြမယ်"
ဂျီဆန်းစကိတ်ကွင်းက ဂန်းနမ် (Gangnam) ကနေဆိုရင် ကားနဲ့ မိနစ် ၄၀ လောက်ပဲ မောင်းရတဲ့ မှော်ဆန်တဲ့ နေရာလေးတစ်ခုပါ။ ကျောင်းဆင်းလို့ပဲဖြစ်ဖြစ်၊ အလုပ်ပြီးလို့ပဲဖြစ်ဖြစ် "ဒီနေ့တော့ စိတ်ပြေလက်ပျောက် တစ်နေရာရာ သွားချင်တယ်" လို့ တွေးမိတာနဲ့ ချက်ချင်းပြေးသွားလို့ရတဲ့ နေရာမျိုးပေါ့။ ဝေးလံတဲ့ Gangwon-do အထိ သွားစရာမလိုဘဲ ဆိုးလ်မြို့အနီးအနားမှာတင် ကိုရီးယားရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆောင်းရာသီအားကစားတွေကို ခံစားချင်တဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်ရှင်။
📅 စကိတ်ရာသီကာလ: ၂၀၂၅ ဒီဇင်ဘာလအစ ~ ၂၀၂၆ မတ်လအစ
📍 နေရာ: 지산 포레스트 리조트 (경기도 이천)
🎟️ ပါဝင်ဆင်နွှဲနိုင်ပုံ: 셔틀버스 (Shuttle Bus) ကို ကြိုတင် Booking တင်ထားမယ်ဆိုရင် ဆိုးလ်ရဲ့ အဓိကနေရာတွေဖြစ်တဲ့ (ဟုန်းဒေး၊ ဂန်းနမ် စသဖြင့်) နေရာတွေကနေ သက်သောင့်သက်သာ သွားလို့ရပါတယ်။ Website မှာလည်း နိုင်ငံခြားသားတွေအတွက် သီးသန့် Discount Package လေးတွေ ရှိတတ်လို့ သေချာလေး စစ်ဆေးကြည့်ကြပါ!
🌟 Highlights:
ညဘက်နဲ့ မနက်အစောပိုင်း စကိတ်စီးခြင်း: လှပတဲ့ မီးရောင်စုံတွေအောက်မှာ နှင်းလျှောစီးရတာ တကယ်ကို ရိုမန်းတစ် ဖြစ်ပါတယ်။ မနက် ၂ နာရီ၊ ၄ နာရီအထိ ဖွင့်တာမို့ ကိုရီးယားရဲ့ တက်ကြွလှပတဲ့ ညအလှကို အပြည့်အဝ ခံစားကြည့်လိုက်ပါ။
နှင်းပြင်ပေါ်က စားသောက်ဖွယ်ရာ: အေးစက်နေတဲ့ လေထုထဲမှာ စကိတ်စီးပြီးမှ သောက်ရတဲ့ ပူပူနွေးနွေး ငါးဆုပ်ဟင်းရည် (Eomuk-tang) နဲ့ ခွက်ခေါက်ဆွဲပြုတ် အရသာကတော့ တကယ့်ကို "ပျော်ရွှင်မှု" ပါပဲရှင်။
🔥 Vijob ရဲ့ Secret Tip:
ထယ်ရုမ်မဲဒန် ရေပူစမ်း (테르메덴 온천): စကိတ်ကွင်းကနေ ကားနဲ့ ၁၅ မိနစ်လောက်ပဲ သွားရတဲ့နေရာမှာ ကိုရီးယားရဲ့ နာမည်ကြီး 'Icheon Thermeden' ရေပူစမ်း ရှိပါတယ်။ နေ့ဘက်မှာ စကိတ်စီးလို့ ပင်ပန်းသမျှကို ညဘက်မှာ အပြင်ဘက် ရေပူစမ်းလေးထဲ စိမ်ရင်း အပန်းဖြေလိုက်ပါ။ အေးမြတဲ့ လေထုနဲ့ နွေးထွေးတဲ့ ရေပူစမ်းရဲ့ ပေါင်းစပ်မှုက တကယ်ကို အကောင်းဆုံး ဖြစ်မှာပါ!

🎿 ၅။ မိုနာယုံးဖြုံး (Mona Yongpyong Resort): "ကိုရီးယားစကိတ်လောကရဲ့ သမိုင်းဦးနှင့် အာရှတိုက်ရဲ့ အယ်လ်ပ် (Alps) တောင်တန်း"
ကိုရီးယားမှာ အစောဆုံးဖွင့်လှစ်ခဲ့တဲ့ စကိတ်ကွင်းက ဘယ်မှာလဲဆိုတာ သိကြပါသလားဟင်။ အဲဒါကတော့ ဖြောင်းချန်း (Pyeongchang) မှာရှိတဲ့ ယုံးဖြုံး (Yongpyong) အပန်းဖြေစခန်းပဲ ဖြစ်ပါတယ်။ ၂၀၁၈ ဖြောင်းချန်း ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပခဲ့တဲ့ အဓိကနေရာဖြစ်သလို၊ နာမည်ကျော် K-Drama တွေဖြစ်တဲ့ 'Winter Sonata' နဲ့ 'Goblin' တို့ ရိုက်ကူးခဲ့တဲ့ နေရာအဖြစ်လည်း ကမ္ဘာတစ်ဝှမ်းက ချစ်ခင်ကြတဲ့ နေရာတစ်ခုပါပဲ။
📅 ပွဲတော်ကာလ: ၂၀၂၅ နိုဝင်ဘာလကုန် ~ ၂၀၂၆ မတ်လလယ်အထိ
📍 နေရာ: 모나용평 (강원도 평창)
📍 လိပ်စာ: 강원특별자치도 평창군 대관령면 올림픽로 715
🎟️ ပါဝင်ဆင်နွှဲပုံ: Website မှာ နိုင်ငံခြားသားသီးသန့် Season Pass နဲ့ ပစ္စည်းငှားရမ်းခ လျှော့စျေးတွေကို အသေအချာ စစ်ဆေးကြည့်ပါနော်။ ဆိုးလ်ကနေ ထွက်ခွာတဲ့ Shuttle Bus တွေကိုလည်း အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။
🌟 Highlights:
ဘတ်ဝမ်ဆန်း တောင်တက်ကေဘယ်ကား: ကိုရီးယားမှာ အရှည်ဆုံး (၃.၇ ကီလိုမီတာ) ရှိတဲ့ ကေဘယ်ကားကိုစီးပြီး အမြင့်ပေ ၁,၄၅၈ မီတာမှာရှိတဲ့ ဘတ်ဝမ်ဆန်း (Balwangsan) တောင်ထိပ်ကို တက်ကြည့်လိုက်ပါ။ နှင်းတွေဖုံးနေတဲ့ ရှေးဟောင်းသစ်ပင်ကြီးတွေရဲ့ အလှကတော့ တကယ့်ကို မှော်ဆန်လွန်းလှပါတယ်။
Rainbow Paradise စကိတ်လမ်းကြောင်း: ဒီလမ်းကြောင်းကတော့ ကိုရီးယားမှာ အရှည်ဆုံးဖြစ်ပြီး ကျွမ်းကျင်သူတွေတင်မကဘဲ အလယ်အလတ်အဆင့်ရှိသူတွေပါ စီးနင်းနိုင်ပါတယ်။ တိမ်တွေအပေါ်မှာ ပြေးလွှားနေရသလို ခံစားချက်မျိုးကို ရရှိစေမှာပါ။
Skywalk လမ်းလျှောက်လမ်း: စကိတ်မစီးတတ်လည်း စိတ်မပူပါနဲ့။ တောင်ထိပ်မှာရှိတဲ့ သစ်သားတံတားလေး (Skywalk) ပေါ်မှာ လမ်းလျှောက်ရင်း ရိုက်တဲ့ဓာတ်ပုံကတော့ သင့်ဘဝရဲ့ အမှတ်တရ အကောင်းဆုံးပုံလေး ဖြစ်လာမှာပါ။
🔥 Vijob ရဲ့ Secret Tip:
Museum DeepDive: စကိတ်စီးပြီးရင်တော့ အပန်းဖြေစခန်းထဲမှာရှိတဲ့ 'Museum DeepDive' ဆိုတဲ့ Media Art ပြခန်းကို ဝင်ကြည့်ဖို့ အကြံပေးပါရစေ။ လှပတဲ့ အလင်းအမှောင် အနုပညာတွေက သင့်ရဲ့ အအေးဒဏ်တွေကို ပြေပျောက်စေမှာပါ။
ဟွမ်းထေး (Hwangtae) ဟင်းရည်: ယုံးဖြုံးရှိတဲ့ ထယ်ဂွမ်လျောင်း (Daegwallyeong) နယ်မြေဟာ 'ငါးခြောက်' (Hwangtae) ကြောင့် နာမည်ကြီးပါတယ်။ အနီးနားက ဆိုင်တွေမှာ ရောင်းတဲ့ ပူပူနွေးနွေး ငါးခြောက်ဟင်းရည်တစ်ခွက် သောက်လိုက်မယ်ဆိုရင် ဆောင်းရာသီရဲ့ အအေးဒဏ်တွေ ချက်ချင်း ပျောက်သွားပါလိမ့်မယ်။

တက်ကြွလှုပ်ရှားရတဲ့ Activity တွေလည်း ကောင်းပေမယ့်၊ တစ်ခါတလေမှာတော့ ရှုပ်ထွေးနေတဲ့ စိတ်အာရုံတွေကို အေးအေးချမ်းချမ်း အနားပေးချင်တဲ့ အချိန်မျိုးတွေ ရှိတတ်ကြတယ်မလား။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလရဲ့ အားလပ်ရက်တွေမှာ အေးစက်တဲ့ ဆောင်းလေညင်းကို ရှောင်ပြီး၊ နွေးနွေးထွေးထွေးနဲ့ Shopping ထွက်ရင်း 'Chill' လို့ရမယ့်နေရာလေးတွေကို ရှာနေတယ်ဆိုရင်တော့ ဒီဘက်ကို အာရုံစိုက်ထားလိုက်တော့နော်။ ✨
လူတိုင်းသွားနေကျ ရိုးအီနေတဲ့နေရာတွေဆိုရင်တော့ စိတ်မဝင်စားတော့ဘူးဟုတ်? Instagram မှာတင်ဖို့တောင် နှမြောလောက်အောင် ကိုယ်တစ်ယောက်တည်းပဲ သိထားချင်တဲ့ မြောင်ဒုံ (Myeongdong) က Hidden Gem ကော်ဖီဆိုင်လေးတွေကို ပြောပြပေးသွားမှာပါ။ မြို့လယ်ခေါင်မှာ ဒီလို Aesthetic ဖြစ်ပြီး မိုက်တဲ့နေရာမျိုး ရှိနေတာလားလို့ အံ့ဩသွားရလောက်အောင်ကို ထူးခြားတဲ့ နေရာလေးတွေပဲ ဖြစ်ပါတယ်။
အားလုံးရဲ့ ဇန်နဝါရီလကို ပိုပြီး Special ဖြစ်သွားစေမယ့် 'Myeongdong Secret Cafe Guide' ကို နောက်ထပ် Article မှာ အသေးစိတ် တင်ပေးသွားမှာမို့ အများကြီး စောင့်မျှော်ပေးကြပါဦးနော်! ဒါ့အပြင် နောက်ထပ် သိချင်တာ ဒါမှမဟုတ် သွားချင်တဲ့နေရာလေးတွေရှိရင်လည်း Comment မှာ အချိန်မရွေး ပြောသွားလို့ ရပါတယ်ရှင်။ 😊☕️🍂