စီနီယာတို့ရေ... D-2 နဲ့ D-4 ဘယ်လမ်းကြောင်း ရွေးသင့်လဲ ဝေခွဲမရဖြစ်နေလို့ပါ။
D-2 သွားရင်တော့ ကုန်ကျစရိတ် သက်သာမယ်၊ Scholarship လည်း ပါနိုင်သလို၊ ရောက်တာနဲ့ အလုပ်လုပ်ခွင့် လျှောက်လို့ရတာ အားသာချက်ပါပဲ။ ဒါပေမဲ့ တက္ကသိုလ်အတန်းကို ချက်ချင်းတက်ရမှာဆိုတော့ စာလိုက်မမီမှာကို အရမ်းပူပါတယ်။ D-4 ကတော့ ပိုက်ဆံပိုကုန်ပေမဲ့ ကိုရီးယားစာရော၊ နေထိုင်မှုပါ ဖြည်းဖြည်းချင်း Adjust လုပ်လို့ရမယ်ထင်လို့ပါ။ အစ်ကို၊ အစ်မတို့ဆိုရင်ရော ဘယ်ဟာရွေးမလဲ အကြံပေးကြပါဦး