ဆိုးလ် မှာ Social Welfare မေဂျာနဲ့ ၄ နှစ် တက္ကသိုလ် ရှာခြင်း 😭
အစ်ကိုတို့ အစ်မတို့ရေ... ဆိုးလ်မှာ Social Welfare တက်နေတဲ့သူများ ရှိကြလား ကျွန်တော် ဒီမေဂျာကို တော်တော်စိတ်ဝင်စားလို့ လိုက်ရှာနေတာ တော်တော်ကြာနေပြီ တော်တော်များများက ၂ နှစ်ပြတ် College တွေပဲ ဖြစ်နေလို့ပါ ဆိုးလ်ထဲမှာ ၄ နှစ်တက်ရတဲ့ တက္ကသိုလ် ရှာရတာ ဒီလောက်ခက်မှန်း မသိခဲ့ဘူး 😭 ကျောင်းရှာမရလို့ပဲ ကိုရီးယားဘာသာစကား မေဂျာဘက်ကိုပဲ Changeလိုက်ရမလားတောင် တွေးမိနေပြီ စီနီယာတို့ထဲမှာ ဆိုးလ်ထဲက ဒီမေဂျာရှိတဲ့ ၄ နှစ် တက္ကသိုလ်ကောင်းကောင်းလေးတွေ သိထားရင် ကျေးဇူးပြုပြီး လမ်းညွှန်ပေးကြပါဦး ကယ်ကြပါဦး!
Notice
Answers on this service are for reference only based on personal experiences and have no legal effect. Please verify official information with the relevant authorities.