D2-2 နဲ့ လာမယ့်သူမို့ လက်ရှိ ကိုရီးယား အလုပ်အကိုင် အခြေအနေလေး မေးချင်ပါတယ်
နောက် ၁ နှစ်ခွဲလောက်နေရင် ကောလိပ်ကနေ တက္ကသိုလ်ပြောင်းတဲ့ D2-2 Visa နဲ့ ကိုရီးယားလာဖို့ ပြင်ဆင်နေပါတယ်။ ကြားတာတော့ အခုတလော ကိုရီးယားမှာ အလုပ်အကိုင်ရှားပါးပြီး Unemployment ဖြစ်နေတယ်ဆိုလို့ နည်းနည်း စိတ်ပူမိပါတယ်။ Scholarship ကို 70% အထက်ရအောင် ကြိုးစားသွားမှာဖြစ်ပေမဲ့၊ အိမ်က Financial (ငွေကြေး) ပိုင်း သိပ်မတောင့်တင်းလို့ ဟိုရောက်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှာဖွေရမယ့် အခြေအနေမို့ပါ။ လက်ရှိ ကိုရီးယားရောက်နေတဲ့ အစ်ကိုအစ်မတို့ရေ... တကယ်ရော အလုပ်အကိုင် ရှားပါသလား? ကျွန်တော့်လို အိမ်ကမထောက်ပံ့နိုင်တဲ့သူတွေ ကျောင်းတက်ရင်း ရပ်တည်နိုင်မယ့် အခြေအနေရှိလား အမှန်အတိုင်း အကြံပေးကြပါဦး။